ဇွဲကပင်တောင်ပေါ်ရှိ မှန်ချပ်ခင်းရင်ပြင်လုပ်ငန်းကို ဇွဲကပင်တောင်ဆရာတော် သဘောတူလက်ခံ

ဇွဲကပင်တောင်ပေါ်ရှိ မှန်ချပ်ခင်းရင်ပြင်လုပ်ငန်းကို ဇွဲကပင်တောင်ဆရာတော် သဘောတူလက်ခံ --------- အကုန်သိ သတင်းဌာန --------- ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ကရင်ပြည်နယ် သာသနာရေးဝန်ကြီး ဦးမင်းတင်ဝင်း ဦးဆောင်သောအဖွဲ့နှင့် ဇွဲကပင်တောင်ဆရာတော်တို့ သုံးပွင့်ဆိုင်ဆွေးနွေးခဲ့ကြရာ ဆရာတော်က ဆရာ/ဒကာ ညီညွတ်စွာဖြင့် ပူးပေါင်းလုပ်ဆောင်ရန် မိန့်ကြားခဲ့တယ်လို့ ပြောကြားချက်အရသိရသည်။ ထို့နောက် သာသနာရေးဝန်ကြီး ဦးမင်းတင်ဝင်းမှလည်း အများပြည်သူကို ဒီအပေါ်၌ ဘာလုပ်နေသည်ကို သိရှိအောင်လာကြည့်စေချင်ကာ လိုအပ်တာတွေကိုလည်း အကြံပေးစေလိုကြောင်းနှင့် မဟုတ်တမ်းတရားတွေကိုပဲ ပြောဆိုကြပါက ရင်ပြင်ကြီးပျက်ဆီးသွားမည်ဖြစ်ကြောင်း အခုလို ပြောကြားလိုက်သည်။ ရိုက်ကူး - စောဘောသိုလ် ၊ တည်းဖြတ် - ပြည့်စုံ
Back to Top