ပရိသတ်ကို ပြုံးပျော်စေခဲ့သူ ကစ်ကစ် နေ၀င်ချိန်ရောက်ခဲ့ပြီလား

ပရိသတ်ကို ပြုံးပျော်စေခဲ့သူ ကစ်ကစ် နေ၀င်ချိန်ရောက်ခဲ့ပြီလား --------- အကုန်သိ အနုပညာ --------- ခြေတွေ၊ လက်တွေယားလို့ ကုပ်လိုက်တိုင်း ရေတွေ ထွက်ကျလာတဲ့အထိ ဆိုးဝါးတဲ့ ကျောက်ကပ်ဝေဒနာကို ခံစားနေရရှာတဲ့ ဇာတ်ပို့ ဟာသသရုပ်ဆောင် ကစ်ကစ်ဟာ အရက်ပျံပုလင်းကို သောက်ပြီး သတ်သေချင်တဲ့စိတ်ဖြစ်သွားခဲ့တယ်လို့ သမီးဖြစ်သူက ပြောပါတယ်။ ကျောင်းတစ်ဖက်နဲ့ မိခင်ကို စောင့်ရှောက်နေရတဲ့ ကစ်ကစ်သမီးဟာ မိခင်ရဲ့ အခြေအနေအားလုံးကို စိတ်ဓါတ်ခွန်အားကြံ့ခိုင်စွာနဲ့ ရှင်းပြခဲ့ပါတယ်။ သမီးဖြစ်သူကိုယ်တိုင်က ကျောက်ကပ်လှူလို့ မရတဲ့ နှလုံးရောဂါအခံရှိသူ ဖြစ်နေတော့ သားအမိနှစ်ဦးတည်းရှိတဲ့ မိသားစုဘ၀ကို ဆုံးရှုံးရမှာကိုလည်း သောကများနေရပါတယ်။ ပရိသတ်ကို အမြဲလိုလို ပြုံးပျော်စေခဲ့သူ ဇာတ်ပို့ သရုပ်ဆောင် ကစ်ကစ်ဟာ လက်ရှိမှာတော့ ကိုယ်တိုင်စိတ်ဆင်းရဲစရာအခြေအနေတွေနဲ့ ကြုံနေရတာပဲ ဖြစ်ပါတယ်။ သမီးဖြစ်သူနဲ့ လိုက်ပါကူညီနေသူ သရုပ်ဆောင် ခင်သဇင်တို့ က အသေးစိတ် ရှင်းပြထားပါတယ်။ ရိုက်ကူးမေးမြန်း - နွယ်ဏီ ၊ တည်းဖြတ် - ပြည့်စုံ
Back to Top