ဘုန်းကြီးကျောင်းမှာ ကြေးစည်ထုပြီး သိန်းရာချီလှူမှ အလှူမဟုတ်ဘူးဆိုတဲ့ ၀န်ကြီးချုပ်
ဘုန်းကြီးကျောင်းမှာ ကြေးစည်ထုပြီး သိန်းရာချီလှူမှ အလှူမဟုတ်ဘူးဆိုတဲ့ ၀န်ကြီးချုပ်
------ အကုန်သိသတင်းဌာန ------
ဘုန်းကြီးကျောင်းတွေမှာ ကြေးစည်ထုပြီး သိန်း ရာနှင့်ချီလှူမှ အလှူမဟုတ်ဘဲ နိုင်ငံတော်ကို အခွန်ဆောင်ခြင်းကလည်း အလှူအတန်းပြုလုပ်ခြင်းပါပဲလို့ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောလိုက်ပါတယ်။ တပ်မတော်အစိုးရလက်ထက်တုန်းက ကောက်ခံတဲ့ အခွန်ငွေ ပမာဏနဲ့ ယခုအစိုးရလက်ထက်မှာ ကောက်ခံတဲ့ အခွန်ငွေပမာဏ အဆမတန် ကွာခြားမှုနဲ့ ပတ်သက်ပြီးလည်း ဦးဝင်းသိန်းက အခုလို ပြောခဲ့ပါသေးတယ်။
သတင်း - ကိုထွေး (ညောင်လေးပင်)၊ တင်ဆက် - ခရေဖူး၊ တည်းဖြတ် - သားကို