ပြည်ခရိုင် ထန်းကုန်းကျေးရွာက ကျောင်းသား ၅၀၀ ကျော် စာသင်ရန် အခက်အခဲ ဖြစ်နေ

ပြည်ခရိုင် ထန်းကုန်းကျေးရွာက ကျောင်းသား ၅၀၀ ကျော် စာသင်ရန် အခက်အခဲ ဖြစ်နေ ------- အကုန်သိသတင်းဌာန ------- ၁၉၅၄ ခုနှစ်ကတည်းက ဆောက်လုပ်ခဲ့တဲ့ ထန်းကုန်းအထက(ခွဲ) စာသင်ကျောင်းကြီးဟာ နှစ်ပေါင်းများစွာကြာမြင့်လာတာနဲ့အမျှ ဆွေးမြေ့လာပြီး အုတ်နံရံတွေ အက်ကွဲလာတာကြောင့် အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ထားရပါတယ်။ ဒါကြောင့် ကျောင်းဘေးက အောင်ချမ်းသာ ဘုရားဓမ္မာရုံအတွင်းမှာ အချိန်ခွဲပြီး သင်နေရပါတယ်။ မိုးရွာရင် ချောင်းရေက ကျောင်းအတွင်းရောက်လာတာမို့ မိုးမကျခင် ကျောင်းဆောင်သစ်လိုအပ်နေတဲ့ ဒီရွာလေးအခြေအနေကို ဖော်ပြလိုက်ပါတယ်။ ရိုက်ကူးမေးမြန်း - မောင်ကောင်း(ပြည်)၊ တည်းဖြတ် - သားကို
Back to Top