ထိုင်းမှာ ပျောက်သွားတဲ့ မြန်မာကလေး သွေးရိုးသားရိုး သေဆုံးခြင်းမဖြစ်နိုင်ဟုဆို

ထိုင်းမှာ ပျောက်သွားတဲ့ မြန်မာကလေး သွေးရိုးသားရိုး သေဆုံးခြင်းမဖြစ်နိုင်ဟုဆို ------ အကုန်သိ မှုခင်း ------ ထိုင်းနိုင်ငံ ကြံစိုက်ခင်းထဲမှာ ဒီဇင်ဘာ ၁၇ ရက်ကတည်းက ပျောက်သွားတဲ့ မြန်မာကလေးငယ်ကို (မနေ့က) ဒီဇင်ဘာ ၂၅ ရက်မှာတော့ ဒဏ်ရာတွေနဲ့ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ပါတယ်။ ကလေးငယ်ဟာ ခြေထောက်တွေနဲ့ အရိုးတွေမှာ ဟက်တက်ကွဲနေပြီး ဦးခေါင်းမှာလည်း ဒဏ်ရာတွေ ရှိနေတာကြောင့် ဒါဟာ သွေးရိုးသားရိုးသေဆုံးမူမဖြစ်နိုင်ဘူးဆိုပြီး ကလေးမိဘတွေက တိုင်ချက်ဖွင့်လိုက်ပါတယ်။ တင်ဆက် - အိဖြူသိမ့်၊ တည်းဖြတ် - သူရိန်
Back to Top