မင်းညဖြစ်ပါစေ မာမာအေး ၁၉၉၃

မင်းညဖြစ်ပါစေ မာမာအေး ၁၉၉၃ သံစဉ်/စာသား - ဖိုးကျော် (ရေဝတီ) စိုးစိုး တေးဆို - မာမာအေး တေးစု - အချစ်ဘယ်ရောက်နေ (၁၉၉၃) (စတီရီယို သီချင်း များ သီဆိုမှု ပထမ တေးစု) ဂီတမှူး - စန္ဒရားလှထွဋ် ၊ ဇော်မျိုးထွဋ် (မဇ္စျိမလှိုင်း) ၊ လီယိုနာဒ် မောင်မောင်လွင် အသံဖမ်း - ရဲခေါင် (မေ) စီစဉ်သူ - မောင်ဘမင်း မူပိုင် - လှိုင်း တေးသံသွင်း ဤ သီချင်းကို စိုးစိုး (အဉ္ဇလီမောင်မောင်-မဇ္ဈိမလှိုင်း ၏ ညီငယ်) သည် သူ ၏ တကိုယ်တော် ပထမ တေးစု ဖြစ်လိုက်ရုံပဲလေ (၁၉၈၉) တွင် မူလ သီဆိုခဲ့သည်။ ပန်းချစ်သူ အပါအဝင် ရုပ်ရှင်သီချင်းများ စုစည်းမှု အဖွဲ့တေးစု (၁၉၉၂) တွင်လည်း ဒဏ္ဍာရီ ရုပ်ရှင် ဇာတ်ဝင်တေး တပုဒ် အနေဖြင့် ရုပ်ရှင်သီချင်း ဗားရှင်း ထပ်မံပါဝင်ခဲ့သည်။ မာမာအေး က သူ ၏ စတီရီယို သီချင်း များ သီဆိုမှု ပထမ တေးစု “အချစ်ဘယ်ရောက်နေ (၁၉၉၃)“ တွင် ထည့်သွင်း ပြန်လည် သီဆိုခဲ့ခြင်းဖြစ်သည်။
Back to Top