YBS ယာဉ်မောင်းတွေကို ဘတ်စ်ပိုင်းလောအဆင့်ထိ ဖြစ်လာအောင် ကြိုးစားရမည်ဟု ပြော

တစ်ခေတ်တစ်ခါက ယာဉ်မောင်းတွေကို ကားဆရာလို့ခေါ်ဝေါ်ခဲ့ရာမှ ယခုအခါ ကားသမားလို့ ပြောင်းလဲခေါ်ခြင်းဟာ ယာဉ်မောင်းလောကအတွက် ကောင်းမွန်တဲ့ အရာမဟုတ်ဘူး။ YBS ယာဉ်မောင်းတွေကို လေ့ကျင့်၊ ပျိုးထောင်ပေးပြီး အရည်အချင်းရှိစေရမယ်၊ စည်းကမ်းရှိရေးအတွက်လည်း ကြပ်မတ်ဆောင်ရွက်ပေးသွားရမယ်။ ဘက်(စ်)ပိုင်းလော့ ဖြစ်အောင်ကြိုးစားသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကွပ်ကဲမှု အာဏာပိုင်အဖွဲ့ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော်က ပြောပါတယ်။ ရိုက်ကူး - ချမ်းငြိမ်း၊ တည်းဖြတ် - သားကို
Back to Top