မင်းညဖြစ်ပါစေ စိုးစိုး ၁၉၈၉

မင်းညဖြစ်ပါစေ (Original Version) သံစဉ်-စာသား - ဖိုးကျော် (ရေဝတီ) စိုးစိုး တေးဆို - စိုးစိုး (အဉ္ဇလီမောင်မောင်-မဇ္ဈိမလှိုင်း ၏ ညီငယ်) တေးစု - ဖြစ်လိုက်ရုံပဲလေ (၁၉၈၉) တေးဂီတ - မဇ္ဈိမလှိုင်း (The Medium Wave) အသံဖမ်း - တိုနီ (လင်း) မူပိုင် - စင်ရော် (မန္တလေး) တေးသံသွင်း ရန်ကုန် ဖြန့်ချီရေး - မန္တလေး စင်ရော် တေးသံသွင်း “ပန်းချစ်သူ“ အပါအဝင် ရုပ်ရှင်သီချင်းများ စုစည်းမှု အဖွဲ့တေးစု (၁၉၉၂) တွင်လည်း “ဒဏ္ဍာရီ“ ရုပ်ရှင် ဇာတ်ဝင်တေး တပုဒ် အနေဖြင့် ရုပ်ရှင်သီချင်း ဗားရှင်း ထပ်မံပါဝင်ခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် မာမာအေး က သူ ၏ စတီရီယို သီချင်း များ သီဆိုမှု တေးစု “အချစ်ဘယ်ရောက်နေ (၁၉၉၃)“ တွင်လည်း “မင်းညဖြစ်ပါစေ“ ကို ထည့်သွင်း သီဆိုခဲ့သည်။ နောက်ပိုင်းခေတ်များတွင် ဘိုဖြူ၊ စိုးထက် အစရှိသည်ဖြင့် အဆိုတော်အများအပြား ပြန်လည် သီဆိုဖူးကြသည်။ --------------------------------------------------------------------------------- Lyrics: ပျောက်ဆုံးနေသူ.. ကြာပြီပဲမို့.. လာနိုး.. ငယ်မျှော်.. ခေါ်သံပြုလို့.. လှမ်း.. ပြောလိုက်လေ.. ရေဝတီ.. ရေ.. ကြိုကာနေမယ်.. ဒီ.. တညတော့.. မင်း.. ည.. ဖြစ်ပါစေ.. ကြွေမယ့်.. ဟန်ပြင်.. ရီဝေ.. မှိုင်းတဲ့.. မိန်ရဲ့.. သရဖီ.. ရင်မ
Back to Top