အချစ်နေဝင်ချိန်- စိုင်းခမ်းသီ ၊ The Wild Ones

အချစ်နေဝင်ချိန်- စိုင်းခမ်းသီ ၊ The Wild Ones ကျေနပ်ပါတော့ တေးစီးရီး (၁၉၇၇) မှ ......................................................... ချိုမြိန်တယ် သည်အနမ်းကွယ်ပျောက်ချိန် အချစ်တေးလည်း မကြားနိုင်ပြီ.... တချိန်တခါဆီ ဆိုဖူးတယ် အချစ်တေးသံ .. ချိုမြသည် ကတိစကားတွေ ကမ္ဘာနဲ့ချီထားလေတယ် .. အခုဝယ် အချစ်နေကလေး ငုတ်သွားပြီ တမာရင်ဝယ် ခိုနားလေကြတယ် တဖက်စွန်းရဲ့ သားကောင်ရယ် ရွှေပင်မှာခိုနားလာ .. ရွှေကျေးလို့ မထင်နဲ့ကွယ် ဘဝချင်းမနီး ပေမယ့်လည်း ပေါင်းနိုင်တယ် အဖြစ်ရယ် အချစ်နေကလေး မွန်းတည့်ဝယ် အကြင်နာချစ်စကားတွေ သီဆိုနေတုန်းဝယ် .. သည်လိုအခြေအနေ မထင်ခဲ့တယ်... နေဝင်ချိန်မို့ အလှကွယ် အကြင်နာကွယ်ပျောက်တယ် တမာလေညှင်းသွေးဆောင်တယ် ... ရင်နာတယ် ... အချစ်ဆုံးရယ်... ခြေရာကိုရှာခဲ့ပါလားကွယ် ... ထူပြောတဲ့ တောမြိုင်အလယ်.. ရေကြည်အိုင် တွေ့လည်းလေ.. အရောင်အဆင်းရဲ့ နောက်မြဲကွယ် ပစ်မသွားခဲ့ .....ပေမယ့်လည်း အလှမ်းမမြင်တဲ့ ... တောဝယ် အထီးကျန်ကလေး ချွေးသိပ်မယ်
Back to Top