တကျော့ပြန်ရခိုင်တိုက်ပွဲတွင် တိမ်းရှောင်နေရသော ဒုံးပိုက်ရွာဒေသခံနှင့် ဆက်သွယ်မေးမြန်းချက်

တကျော့ပြန်ရခိုင်တိုက်ပွဲတွင် တိမ်းရှောင်နေရသော ဒုံးပိုက်ရွာဒေသခံနှင့် ဆက်သွယ်မေးမြန်းချက် --------- ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကယား(ကရင်နီပြည်နယ်)နှင့် စစ်ကိုင်းတိုင်းတို့တွင် မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေချိန်တွင် နိုင်ငံအနောက်ဘက်ခြမ်းရှိ ရခိုင်ပြည်နယ်တွင်လည်း ယမန်နေ့(နိုဝင်ဘာ ၁၃)က တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။ ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်နှင့် ချိန်ခါလီရွာရှိ နယ်ခြားစောင့်တပ်စခန်း ၂ခုကို ရက္ခိုင့်တပ် AA က ယမန်နေ့ နံနက်အစောပိုင်းတွင် တပြိုင်နက် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။ နံနက် ၅နာရီ ဝေလီဝေလင်းအချိန် တိုက်ပွဲစတင်ပြီဆိုကတည်းက အိမ်ခြေ ၂၆၀ရှိသည့် ဒုံးပိုက်ကျေးရွာဒေသခံများမှာ ဘေးလွတ်ရာသို့ အလုအယက် ထွက်ပြေးခဲ့ကြရသည်ဟု ရွာသားတစ်ဦးက ပြောပြသည်။ လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြသည့် ဒေသခံများဖြစ်ရာ စပါးခင်းနှင့် ကျွဲနွားများကို ထားခဲ့ကာ ဘေးလွတ်ရာ တိမ်းရှောင်နေကြရသည့် အခြေအနေနှင့်ပတ်သက်ပြီး ဒုံးပိုက်ရွာသားတစ်ဦးကို ဆက်သွယ်မေးမြန်းထားသည်။ မေးမြန်း၊ တည်းဖြတ် - ရောင်နီ၊ ဟန်သစ် လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် နှိပ်၍ လှူဒါန်းနိုင်ပါသည်။
Back to Top