ထိုင်းမှာ ပျောက်ဆုံးနေတဲ့ မြန်မာကလေးကို ထိုင်းအာဏာပိုင်တွေက အင်အား ၃၀၀ သုံးရှာဖွေ

ထိုင်းနိုင်ငံမှာ ပျောက်ဆုံးနေတဲ့ မြန်မာကလေးကို ထိုင်းအာဏာပိုင်တွေက အင်အား ၃၀၀ သုံးပြီး ရှာဖွေပေးနေ ------- အကုန်သိ မှုခင်း ------ ထိုင်းနိုင်ငံက ကြံစိုက်ခင်းတစ်ခုအတွင်းမှာ ပျောက်ဆုံးနေတဲ့ မြန်မာ ရွေ့ပြောင်းအလုပ်သမားရဲ့ ၂ နှစ်သားကလေးငယ်ကို ထိုင်းအာဏာပိုင်နဲ့ ဒေသခံတွေက အင်အား ၃၀၀ ကျော်သုံးပြီး ရှာဖွေပေးနေပါတယ်။ လိုအပ်ရင် ကြံခင်းတစ်ခုလုံးကို ရှင်းပြီးရှာဖွေသွားမယ်ဆိုတဲ့ ဒီဖြစ်စဉ်ကို ဆက်လက်နားဆင်နိုင်ပါပြီ။ တင်ဆက် - အိဖြူသိမ့်၊ တည်းဖြတ် - သူရိန်
Back to Top