Khit Thit သတင်းဌာန၏ မတ် ၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Khit Thit သတင်းဌာန၏ မတ် ၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ မတ် ၇ ရက်နေ့ ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ရခိုင်ပြည်နယ်မှာ ရခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေဟာ စစ်တွေမြို့ကိုပါ စတင် သက်ရောက်လာပြီလို့ ကုလသမဂ္ဂ UNOCHA က မတ်လ ၅ ရက်နေ့မှာ သတင်းထုတ် ပြန်လိုက်ပါတယ်။ - ရှမ်းပြည်နယ်၊ တောင်ကြီးဘက်ကနေ ဟိုပုံးဘက်ကို အကြမ်းဖက် စစ်သားတွေ တင်လာတဲ့ စစ်ကားအစီး ၅၀ လောက် တက်သွားတယ်လို့ အဲ့ဒီ့ စစ်ယာဉ်တန်း ဖြတ်သန်းရာ လမ်းတလျှောက်နေ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ - ကချင်ပြည်နယ်က KIA ဌာနချုပ် လိုင်ဇာဘက်ကို အကြမ်းဖက် စစ်တပ်က လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ ၂ ဦး သေဆုံးသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
Back to Top