မိုခါကြောင့်ပျက်စီးသွားတဲ့ဟိန္ဒူဘာ သာရေးကျောင်းတွေ ပြုပြင်ဖို့လိုအပ်နေ

မိုခါကြောင့်ပျက်စီးသွားတဲ့ဟိန္ဒူဘာ သာရေးကျောင်းတွေ ပြုပြင်ဖို့လိုအပ်နေ BNA(ရုပ်သံသတင်း) စစ်တွေ၊သြဂုတ် ၂၁။ မိုခါမုန်တိုင်းကြောင့်ပျက်စီးသွားခဲ့တဲ့ ဟိန္ဒူဘာသာရေးအဆောက်အအုံတွေပြုပြင်ဖို့လိုအပ်နေတယ်လို့ဟိန္ဒူလူမျိုး တွေက ဆိုကြပါတယ်။ စစ်တွေမြို့၊မောလိပ်ရပ်ကွက်နဲ့ကျော င်းတက်လမ်းရပ်ကွက်ရှိ ဟိန္ဒူဘုရားကျောင်းဖြစ်တယ်လို့ ဆိုကြပါတယ်။ အဲဒီဘုရားကျောင်းတွေဟာမုန်တိုင်းပြီးလို့သုံးလကျော်ကြာတဲ့ထိ မပြုပြင်ရသေးဘူးလို့ စစ်တွေမြို့ပေါ်နေ ဟိန္ဒူဘာသာဝင်တွေက ဆိုကြပါတယ်။ မိုခါမုန်တိုင်းကြောင့် စစ်တွေမြို့နေဟိ န္ဒူလူမျိုးနေအိမ်တွေလည်း ပြိုပျက်သွားတာမို့ ဘုရားကျောင်းကိုပြန်လည်တည်ဆောက်ဖို့ငွေကြေးမတတ်နိုင်ကြဘူးလို့ ဟိန္ဒူလူမျိုးတွေက ဆိုကြပါတယ်။ ရခိုင်မှာ မိုခါမုန်တိုင်းကြောင့်သာသနိကအဆောက်အအုံနဲ့ဘုန်းကြီးကျောင်းတ စ်ထောင့်ရှစ်ရာနီးပါးပျက်စီးသွားခဲ့ပါတယ်။ အဲဒီအထဲမှာ ဟိန္ဒူဘာသာရေးကျောင်းတွေလည်းပါဝင်ခဲ့ပေမယ့် စစ်ကောင်စီကကူညီထောက်ပံ့ရေးပေးရာမှာမပါဝင်ဘူးလို့ ဟိန္ဒူလူမျိုးတွေက ဆိုကြပါတ ယ်။ ခုထိပြန်လည်မပြုပြင်နိုင်သေးတဲ့ ဘုရားကျောင်းနှစ်ကျောင်းဟာ ဟိန္ဒူဘာ သာဝင်တွေအတွက် အထူးကာကွယ်စောင့်ရှောက်ရမယ့်ဘာသာရေးအ ဆောက်အအုံတွေဖြစ်တယ်လို့ဟိန္ဒူဘာ သာဝင်တွေက ဆိုကြပါတယ်။ ရခိုင်မှာ ဟိန္ဒူလူမျိုးတွေဟာ လူနည်းစုတွေဖြစ်ကြပြီးအများစုဟာ ဆင်းရဲနွမ်း ပါးတဲ့သူတွေဖြစ်တာမို့ ဟိန္ဒူဘာသာဝ င်တွေဟာ သူတို့ရဲ့နေအိမ်အားလုံးကိုတောင်မပြုပြင်နိုင်ကြသေးဘူးလို့ ဟိ
Back to Top