ယောက်ျားကို မင်းသားတင်ရိုက်တယ်လို့ ဝေဖန်ခံရမှုအပေါ် ခရစ္စတီးနားခီ တုံ့ ပြန်

ယောက်ျားကို မင်းသားတင်ရိုက်တယ်လို့ ဝေဖန်ခံရမှုအပေါ် ခရစ္စတီးနားခီ တုံ့ ပြန် ---------- အကုန်သိ အနုပညာ ----------- “ အစ်မက ဇာဏ်ခီကို ရွေးတာမဟုတ်ဘူး။ ပရိသတ်ရှိပြီးသား မင်းသားဖြစ်သွားပြီ။ ဒါပေမဲ့ အစ်မက ကံအားလျှော်စွာ ၊ ကံဆိုးစွာနဲ့ သူ့ မိန်းမ ဖြစ်သွားတယ်။ သူ့ မိန်းမဖြစ်သွားတော့ ဒါရိုက်တာတစ်ယောက်အနေနဲ့ သူနဲ့ အလုပ်လုပ်တဲ့အချိန်မှာ အစ်မ အမြဲအပြောခံရတဲ့ဘ၀ ဖြစ်သွားတယ်။ ဟောလီးဝုဒ်မှာဆိုရင် မာတင်ကိုဆေးလ်ဆီက လီယိုနာဒိုနဲ့ အလုပ် ခဏခဏလုပ်ပေမယ့် အပြောမခံရဘူး။ ဘာဖြစ်လို့ လဲဆိုတော့ သူတို့ က လင်မယား မဟုတ်လို့ “ - ခရစ္စတီးနားခီ ( ဒါရိုက်တာ ) ရိုက်ကူး - နွယ်ဏီ ၊ သိမ့်အေးချမ်း ၊ တည်းဖြတ် - ရဲထက်
Back to Top