အလုပ်အကိုင် အခွင့်အလမ်းရဖို့ ဇွဲကပင်တောင်ကြီးကို ရင်းရတော့မှာလား

ဇွဲကပင်ကိုရင်းမှ အလုပ်အကိုင်အခွင့်အလမ်းရမယ်ဆိုတာ လက်မခံဘူးလို့ ကရင်ပြည်နယ်ဝန်ကြီးချုပ်ပြော ------- အကုန်သိသတင်းဌာန ------- ဇွဲကပင်တောင်ဟာ ကရင်ပြည်နယ်ရဲ့ ထင်ရှားကျော်ကြားဆုံးဖြစ်ပြီး ဒေသခံတွေရဲ့ အသည်းနှလုံးလို့ ဆိုပါတယ်။ ဒါကို နည်ပညာပိုင်းနဲ့ ပံ့ပိုးလိုက်ရင် သဘာဝအလှတရားတွေ ပျက်စီးသွားမှာဖြစ်လို့ ဇွဲကပင်တောင်ကြီးကို ရင်းပြီး၊ လှီးဖြတ်ခုတ်ထွင်ပြီးမှ အလုပ်အကိုင်အခွင့်အလမ်းတွေ ရမယ်ဆိုတာကို လုံးဝလက်မခံဘူးလို့ ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က ပြောလိုက်ပြီး တခြားနည်းလမ်းနဲ့ ကြိုးစားသွားမယ်လို့ ပြောလိုက်ပါတယ်။ သတင်း - စောဘောသိုလ်၊ တည်းဖြတ် - ပြည့်စုံ
Back to Top