Russia_ Sochi airport supervisor dies after plane rescue op. - YouTube (360p)
( စက်တင်ဘာ - ၀၂၊ ၂၀၁၈ ) ရုရှားနိုင်ငံ ဆိုချီလေဆိပ် ခရီးသည်တင်လေယာဉ် ပြေးလမ်းချော် မီးလောင်။ နှလုံးရောဂါ ခရီးသည်တစ်ဦး သေဆုံး၍ ၁၈-ဦးဒါဏ်ရာရရှိ။
===================================
လွန်ခဲ့သည့် စနေနေ့ ရုရှားနိုင်ငံ ပင်လယ်နက်ဆိပ်ကမ်းမြို့ ဆိုချီလေဆိပ်တွင် ရုရှားလေကြောင်းလိုင်းမှ ခရီးသည် တင်လေယာဉ်တစ်စီးမှာ ဆင်းသက်စဉ် ပြေးလမ်းချော် တိမ်းမှောက်ပြီး မီးလောင်မှု့ဖြစ်ပွားခဲ့သည်။
မော်စကိုမှ ထွက်ခွာလာသည့် ရုရှား Utair airlines လေကြောင်းပိုင် ဘိုးရင်း 738 လေယာဉ်သည် ခရီးသည် ၁၆၄-ဦး၊ လေ ယာဉ်ဝန်ထမ်း ၆-ဦးတင်ဆောင်၍ ထွက်ခွာပျံသန်းခဲ့ရာ ဆိုချီလေယာဉ်ကွင်းအဆင်းတွင် ပြေးလမ်းချော်ပြီးနောက် လေ ယာဉ်၏ ၀ဲဖက်အင်ဂျင် မီးလောင်မှု့ဖြစ်ခဲ့သည်။ ခရီးသည် ၁၈-ဦး အသက်အန္တရာယ် မစိုးရိမ်ရသော ထိခိုက်ဒါဏ်ရာရရှိခဲ့ သော်လည်း နှလုံးရောဂါအခံရှိပုံရသော ခရီးသည် ၁-ဦးမှာ ဆေးရုံအရောက်တွင် သေဆုံးသွားသည်ဆို၏။
လေယာဉ် မီးလောင်ကျွမ်းမှု့အား ဒေသစံတော်ချိန် ၀၄း၃၀ နာရီအထိ ၂၅-မိနစ်ကြာ ငြိမ်းသတ်ခဲ့ရပြီး ဖြစ်စဉ်အား သက်ဆိုင်အား သက်ဆိုင်ရာမှ အသေးစိတ် စုံစမ်း စစ်ဆေးဆဲဖြစ်သည်။
Contact: cd@ Twitter: Facebook: http