Hokkaido earthquake- Homes buried and roads cracked by strong quake - CNN
( စက်တင်ဘာ - ၀၆၊ ၂၀၁၈ ) ဂျပန်မြောက်ပိုင်း အင်အားပြင်းငလျှင်လှုပ်၊ မြေပြို၍ နေအိမ်များဖုံးလွှမ်း။ ညူကလီယာဓါတ်အားပေးစက်ရုံ ရပ်ဆိုင်းလိုက်ရပြီး ဒီဇယ်ဆီသုံး အရေးပေါ်ဂျင်နရေတာများဖြင့် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးနေရ
===================================
((( CNN., September 6, 2018. “Earthquake buries homes under landslides in Hokkaido, Japan “By Yoko Wakatsuki ကို Htay Oung ဆီလျှော်အောင် ဘာသာပြန်ဆိုသည်။ )))
ကြောက်မက်ဖွယ်ရေကြီးခြင်း၊ တိုက်ဖွန်းမုန်တိုင်း၊ မြေငလျှင်၊ မြေပြိုခြင်းနှင့် အပူလှိုင်းကျရောက်ခြင်းတို့ဖြင့် နွေရာသီ ပျက်စီးရှုတ်ထွေးများကြုံတွေ့လျှက်ရှိသည့် ဂျပန်နိုင်ငံတွင် နောက်ထပ်သဘာဝဘေးအန္တရာယ်က ထပ်မံထိုးနှက်လိုက်ပြန်ကြောင်း CNN က ယနေ့ရေးသားသည်။
ကြာသပတေး ( ယနေ့ ) နံနက်စောစောပိုင်း ဂျပန်မြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်းတွင် ပြင်းအား ၆.၇ မဂ္ဂနီကျု့ဒ်ရှိသော အင်အားပြင်းမြေငလျှင်လှုတ်ခတ်သဖြင့် မြေပြိုရာ တောင်စောင်းရှိ နေအိမ်အမြောက်အများအား မြေဖုံးလွှမ်းပြီး အနည်းဆုံး လူ ၄-ဦးသေဆုံးကြောင်း သိရှိရသည်။
မြေငလျှင်ကြောင့် လူဒါဇင်ပေါင်းများစွာ ဒါဏ်ရာရရှိကြရပြီး ၃၁-ဦး ပျောက်ဆုံးနေကြောင်း ဟော့ကိုင်းဒိုးဒေသကြီးအစိုးရ ေ