ရေနံကန်ပြင်တဲ့ အလုပ်သမား မီးလောင်ပြီး သေဆုံး

ရေနံကန်ပြင်တဲ့ အလုပ်သမား မီးလောင်ပြီး သေဆုံး ------ အကုန်သိ မှုခင်း ------ မုံရွာမြို့၊ ကျောက္ကာမြောက်ဘက်ကျေးရွာမှာ အလုပ်သမားတစ်ဦးဟာ ရေနံချက်ကန်ကို ပြင်ဖို့ သံကန်ပေါ်တက်ကာ Gas မီးတောက်နဲ့ သံပြားတွေကို ဖြတ်တောက်နေစဉ်မှာပဲ ကန်အဟောင်းထဲက ဆီငွေ့နဲ့ Gas တို့ ထိတွေ့တွန်းကန်ပြီး မီးလောင်သွားခဲ့ပါတယ်။ အဆိုပါအလုပ်သမားဟာ မီးလောင်လျက် အောက်သို့ပြုတ်ကျလာပြီး မြေပြင်ပေါ်မှာရှိတဲ့ သံတန်းနဲ့ နောက်စေ့ကို စောင့်မိတဲ့ ပေါက်ပြဲဒဏ်ရာကြောင့် သေဆုံးသွားခဲ့ပါတယ်။ တင်ဆက် - အိဖြူသိမ့်၊ တည်းဖြတ် - ကိုမိုး
Back to Top